i-Pro ဟာမြန်မာပြည်ရဲ့ပထမဆုံး Apple ၏တရားဝင် Service Providerဖြစ်ပါတယ်

Apple မှကျွမ်းကျင်လက်မှတ်ရTechnicians များမှApple ၏Genuine Apple Spare Parts များကိုသာ အသုံးပြု၍ပြုပြင်ပေးခြင်း, Apple Diagnostics Tools များအသူံးပြု၍စစ်ဆေးပေးခြင်းတို့ကြောင့်မိမိတို့ရဲ့ Apple Products များက်ု ယုံကြည်စိတ်ချစွာ လာရောက်ပြုပြင်နိုင်ပါတယ်

iPhone Display နေ့ချင်းပြီးလဲလှယ်ခြင်း

iPhone screen နေ့ချင်းပြီးလဲလှယ်လိုက်ပါ iPhone မှန်ကွဲသွားပါသလား? iPhone ကိုညနေ ၃ နာရီ မတိုင်မီလာရောက်အပ်နှံမယ်ဆိုရင်အဲဒီနေ့မှာပဲ ပြီးစီးအောင်ပြုပြင်ပေးမှာဖြစ်ပါတယ် နေ့ချင်းပြီး Screen လဲလှယ်ခြင်းဝန်ဆောင်မှုကို iPhone 6s နဲ့အထက် Model တွေမှာရရှိမှာဖြစ်ပါတယ်

ကျွန်ုပ်တို့အကြောင်း

i-Pro ဟာ မြန်မာပြည်ရဲ့ ပထမဆုံး တရားဝင်အသိအမှတ်ပြု ၀န်ဆောင်မှုလုပ်ငန်းဖြစ်ပါတယ်။ i-Pro သည် Lotus Technology Co. Ltd ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ်။ Lotus Tech သည် IT Products များကိုဖြန့်ချိပြီး နိုင်ငံတကာအသိအမှတ်ပြု Brands များကို သုံးစွဲသူများနှင့် ပြန်လည်ဖြန့်ချိသူများကို ၀န်ဆောင်မှုပေးပါသည်။ ကျွန်တော်တို့ i-Pro ရဲ့ ၀န်ထမ်းတွေဟာ Apple မှ အသိအမှတ်ပြုထားတဲ့ ကျွမ်းကျင်ပညာရှင်များဖြစ်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို သေချာရှာဖွေပြီး ဖြေရှင်းပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမဦးစားပေးကတော့ ကျွန်တော်တို့ Customer တွေစိတ်ကျေနပ်စေဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ Apple ကထုတ်တဲ့ ပစ္စည်းကိရိယာတွေ အသုံးပြုပြီး အလျင်မြန်ဆုံး ၀န်ဆောင်မှုတွေပေးနေပါတယ်။

ကျွန်ုပ်တို့၏ ၀န်ဆောင်မှုများ

ကျွန်တော်တို့က မြန်မာပြည်မှာ တရားဝင်ရောင်းချနေတဲ့ MacBook Pro, MacBook Air, New MacBook, iMac, Mac Pro, Mac Mini, iPhone, iPad နဲ့ iPod စတဲ့ devices တွေကို ပြန်လည်ပြုပြင်ပေးတဲ့ ၀န်ဆောင်မှုတွေလုပ်ဆောင်နေပါတယ်။

Copyright © 2021 IPro Myanmar | Powered by Htet Aung Shane